ဆရာကြီး ဦးရွှေအောင် ရေးသားသော " ဘဝအကျဉ်းသား " စာအုပ်မှ ရေးသား ဖော်ပြအပ်ပါသည်။
“ စာပေဟူသည် ခေတ်တစ်ခေတ်၏ ကြေးမုံ ဖြစ်သည်။ “ ထိုကဲ့သို့ အဆို ရှိကြပါတယ်။ အဲဒီတော့ စာပေထဲမှာ ခေတ်၏ သဘော ပါဝင်တယ်လို့ အဓိပ္ပာယ် ရပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ လက်ဆင့်ကမ်း ပညာအသိအရ စာဖတ်နည်းကို ဖော်ပြ လိုက်ပါတယ်။
စာဖတ်နည်းကို SIMAC လို့ အတိုကောက် ဆိုကြပါသည်။ အဲဒီထဲက S ဆိုတာကတော့ “ Situation “ = ခေတ်၏ အခြေအနေ လို့ အကြမ်းဖျင်း အနက် ရပါတယ်။ I ဆိုတာကတော့ “ Intention “ = စာရေးသူ၏ ရည်ရွယ်ချက် ၊ စာရေးသူ၏ စေတနာ ပင်ဖြစ်ပါသည်။ M ဆိုတာကတော့ ” Matter ”= အကြောင်းအရာ ဟုဆိုလိုပါတယ်။ A ဆိုတာကတော့ “ Approach “ = ချည်းကပ်နည်း ဟုဆိုသည်။ ယခုခေတ် အနေနဲ့ “ ဇောင်း “ ပေးခြင်းလို့ ဆိုသည်။ C ဆိုတာကတော့ ” Consistency “= အကြောင်းအကျိုး သို့မဟုတ် ရှေ့ နှင့်နောက် ဆီလျော်ခြင်း သို့မဟုတ် ညီညွတ်ခြင်း ဖြစ်သည်။
အဲဒီတော့ စာတစ်ပုဒ်ကို ဖတ်ရင်ဖြစ်စေ၊ ရေးရင်ဖြစ်စေ ဒီအင်္ဂါ (၅) ချက်ကို တွေ့အောင် ရှာရတယ်။ ဒီအင်္ဂါ (၅) ချက်ကလည်း ပေါ်ထင်ကြီးတော့ ရှိမနေရဘူး။ ပေါ်ထင်ကြီး ရှိနေပြန်ရင်လည်း ဒေါသသင့်တယ်လို့ ဆိုပါတယ်။ ရှိတော့ ရှိရမယ်၊ သွယ်သွယ်ဝိုက်ဝိုက် ရှိရမယ်။ ဒါမှ ဂုဏ်ရောက်တယ်လို့ ဆိုပါတယ်။ အဲဒီ ၅ ချက်ထဲမှာ အရေးအကြီးဆုံးကတော့ ချဉ်းကပ်နည်းပဲ ဖြစ်တယ်။
ပစ္စုပ္ပန်မှာ မြင်ရ၊ ကြားရ၊ သိရတဲ့ အာရုံများကို ပြောကြတဲ့ နေရာမှာ ချဉ်းကပ်မှု သို့မဟုတ် ဇောင်းပေးမှု ကို လိုက်ပြီး ဝါဒအမျိုးမျိုး ဖြစ်ပေါ်လာကြပါတယ်။ ဥပမာ - This (ဒီဟာ) ကို လောကီရေးအရ ပြောပြော၊ လောကုတ္တရာအရ ပြောပြော၊ ဘယ်သူကပဲ ပြောပြော (ဒီဟာ) လို့ပဲ ပြောကြတာပဲ။ ပဋိစ္စသမုပ္ပါဒ် အနုလောမနည်းနဲ့ ချဉ်းကပ်တော့ ဒုက္ခပွားစီးရေးကို မြင်ရပါတယ်။ ပဋိစ္စသမုပ္ပါဒ် ပဋိလောမနည်းနဲ့ ချဉ်းကပ်တော့ ဒုက္ခ ချုပ်ငြိမ်းရေးကို မြင်ရပါတယ်။ ဒုက္ခ ပွားစီးရေးအတွက် ဇောင်းပေးခြင်းကို “ မိစ္ဆာပဋိပဒါ “ လို့ ဆိုပါတယ်။ ဒုက္ခ ချုပ်ငြိမ်းရေးအတွက် ဇောင်းပေးခြင်းကို ” သမ္မာပဋိပဒါ ” လို့ဆိုပါတယ်။
0 comments:
Post a Comment