Saturday, April 26, 2008

ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန် သတိဖြင့်နေထိုင်ခြင်း

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ) ရေးသားသော စာအုပ်မှ ထုတ်နှုတ် တင်ပြအပ် ပါသည်။
ကိုယ်ရည်ကိုယ်သွေး

သိပ်ပြီး ဘန်းစကား ဆန်တဲ့ စကားကို မပြောပါနဲ့ ၊ ကိုယ့် Personality ကို ပျက်စီးစေတယ် ။ သိပ်ပြီး ခေတ်ဆန်လွန်း ၊ ကလက်လွန်းတဲ့ မသပ်မရပ်ဖြစ်နေတဲ့ အ၀တ်အစားကို မ၀တ်ပါနဲ့ ၊ ကိုယ့်ရဲ့  Personality ကို ထိခိုက်ပါတယ် ။
Personality is a grem in the child that can develop only by slow stages in a true life.
Personality ဟာ ကလေးရဲ့  စိတ်ထဲမှာ အစေ့အညှောက် အလေးတစ်ခု အနေနဲ့  ရှိပြီးသားပါ။ ဒါလေးကို တဖြည်းဖြည်း ကြီးထွားလာအောင် ပြုစုရတာ။
အဖက်ဖက်က အရည်အသွေးတွေ ကောင်းလာဖို့ ဆိုတာ ငယ်စဉ်ကတည်းက တစ်ဆင့်ပြီးတစ်ဆင့် ပြုစုကပျိုးထောင်သွားရတယ်။ ဗြုန်းခနဲ ချက်ချင်းကြီးတော့ မရနိုင်ဘူး။ ဘ၀ထဲမှာ ဖြတ်သန်းသွားရင်းနဲ့  ဘ၀ကို နေသွားရင်းနဲ့  လေ့ကျင့်ပြုစုပျိုးထောင် ယူရတာ။ မွေးခါစကလေးအတွက် လူ့ အရည်အချင်းတွေဟာ အညှောက်လေးလောက်ပဲ ရှိတယ်။
Personality ဆိုတာ ပုံသေမရှိဘူး။ သူ့ အပေါ် အများက ဆက်ဆံပုံ၊ သဘောထားပုံ အပေါ်မှာ အများကြီးမူတည်တယ်။ ပတ်ဝန်းကျင်အခြေအနေ၊ အသိုင်းအ၀ိုင်းအခြေအနေ ပေါ်မှာ မူတည်သလို ပြုစုထိန်းကျောင်းပေးတဲ့ သူက ပြုစုတတ်ရင် ကောင်းသထက် ကောင်းသွားမယ်။ ပတ်ဝန်းကျင်အခြေအနေ ဆိုးနေသည့်တိုင် ကိုယ်ကိုတိုင်က အသိ ဥာဏ်ရှိခဲ့ရင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းပြီး ကောင်းအောင် ကြိုးစားရင် ကောင်းလာနိုင်တယ်။
တခြားတစ်ယောက်မှာ ရှိတဲ့ ကောင်းကွက်လေးတွေကို တကယ် လှိုက်လှိုက်လှဲလှဲ တန်ဖိုးထားမယ်၊ မြတ်နိုးမယ်၊ အသိအမှတ်ပြုမယ် ဆိုရင် အဲဒီအရည်အချင်းမျိုး ကိုယ့်မှာလည်း ဖြစ်လာမယ်။
The achievement of personality means nothing less than the best possible development of all that lie in the particular single being.
ကိုယ်ရည်ကိုယ်သွေး အကောင်းဆုံးလူတစ်ယောက် ဖြစ်လာဖို့ ဆိုတာ ကိုယ့်မှာရှိတဲ့ အခြေအနေ ဖြစ်နိုင်တဲ့ အလားအလာရှိသမျှကို အကောင်းဆုံးပေါ်ထွက်လာအောင် လုပ်လိုက်တာပါ ပဲ။
The development of personality means fidelity to the law of one’s being.
ကိုယ့်ရဲ့ Personality တိုးတက်ဖွုံဖြိုးအောင် အစွမ်းကုန် ကြိုးစားတာဟာ ကိုယ့်ကိုယ်ကို သစ္စာရှိတာပဲ။
အကောင်းဆုံးဖြစ်အောင် လုပ်ချင်ရင် ကိုယ်နဲ့ အကိုက်ညီဆုံး ကို လုပ်မှ အကောင်းဆုံးဖြစ်တယ်။ ကိုယ်နဲ့  အကိုက်ညီဆုံးကို မလုပ်ဘဲနဲ့  သူများအထင်ကြီးအောင် လုပ်ရင် အကောင်းဆုံး ဖြစ်ဖို့ ရာ မလွယ်တော့ဘူး။

အောင်မြင်မှု

ကိုယ့်ဘ၀မှာ ကိုယ်တကယ်လုပ်ချင်တဲ့ အလုပ်၊ မြင့်မြတ်တဲ့ အလုပ်၊ ကိုယ့်ဝါသနာ စရိုက်ပါရမီနဲ့  ကိုက်ညီတဲ့ အလုပ်၊ ကိုယ့်ရဲ့ မြင့်မြတ်တဲ့ လူ့ သဘာဝမှာ နက်နက်ရှိုင်းရှိုင်း အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ဆန္ဒကို အကောင်အထည်ဖော်ရတဲ့ အလုပ်ကို လုပ်တဲ့သူဟာ အောင်မြင်တဲ့သူဖြစ်တယ်။ ဘယ်သူမှ မသိကြလည်း အောင်မြင်တဲ့သူပဲ။
အောင်မြင်မှုဆိုတာ မှန်ကန်တဲ့ သဘောထားပါ။ စိတ်ဓာတ်အရည်အသွေး ပြည့်ဝသူတွေသာ ရရှိပိုင်ဆိုင်နိုင်တယ်။

ရွေးချယ်မှု နှင့် ကိုယ်ရည်ကိုယ်သွေး

Personality can never develop itself unless the individual chooses his own way consciously and with conscious moral decision.
ကိုယ့်လမ်းကိုယ်သိပြီး ကိုယ်တိုင်ရွေးချယ်မှု မရှိဘဲနဲ့  ကိုယ့်ရည်ကိုယ်သွေး မဖွံ့ ဖြိုးနိုင်ပါဘူး။
သူများနောက်ကို မလိုက်ဘဲနဲ့  ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် ကိုယ့်လမ်းကို ကိုယ်ရွေးတဲ့သူဟာ အကြီးမားဆုံးသတ္တိ ရှိတဲ့သူပဲ။
ချီးမွမ်းတယ်၊ ကဲ့ရဲ့ တယ်ဆိုတာ သူတစ်ပါးစိတ်ထဲမှာ ခဏလေးဖြစ်သွားတဲ့ အတွေးလေးတစ်ခုပါ။

စစ်မှန်တဲ့ ပျော်ရွင်မှု

Man’s happiness is to move higher, to develop his highest faculty, to gain knowledge of the higher and highest thing.
လူရဲ့ တကယ်စစ်မှန်တဲ့ ပျော်ရွင်မှုဟာ မြင့်မြတ်တဲ့ဘက်ကို သွားနေမှ၊ ကိုယ့်ရဲ့ အကောင်းဆုံး ဂုဏ်အရည်အချင်းတွေ အမြင့်ဆုံးရောက်အောင် အကောင်အထည်ဖော်နေမှ၊ တစ်နေ့ တခြား ပိုပြီး မြင့်မြတ်တာကို သိဖို့ နောက်ဆုံးအဆင့်အမြင့်ဆုံးထိ သိမှပဲ ဖြစ်ပေါ်လာတယ်။
If he moves lower, develops only his lower faculty which helps the animal nature then he makes himself deeply unhappy.
ကိုယ့်မှာရှိတဲ့ နိမ့်ကျတဲ့အရည်အသွေးတွေကိုပဲ မွေးမြူနေမယ်၊ နိမ့်တဲ့ဘက်ကို ပဲ သွားမယ်၊ ကိုယ့်ရဲ့  တိရစ္ဆာန်သဘာဝတွေကိုပဲ ဖြစ်အောင် အားပေးနေမယ်ဆိုရင် ကိုယ့်ကိုယ်ကို အကြီးအကျယ် စိတ်ဆင်းရဲအောင် လုပ်နေတာပဲ။

သင် ဘယ်လိုလူလဲဆိုတာ သိချင်ရင်…..

သင် ဘယ်လိုလူလဲဆိုတာ သိချင်ရင် သင်နဲ့ သင့် ပတ်ဝန်းကျင်က လူတွေရဲ့  ဆက်ဆံရေးကို အကဲ ခတ်ပါ။ ကိုယ့်ရဲ့ ဆက်ဆံရေးဟာ ကိုယ့်ရဲ့ Personality ကို ဖော်ပြနေတယ်။
သူများကို အနိုင်ယူချင်တဲ့ စိတ်ဟာ ခလေးဆန်တဲ့ စိတ်ဖြစ်တယ်။ သူများကို အပြစ်ရှာချင်တဲ့ စိတ်ထားဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။

မိဘ၏ ကိုယ်ရည်ကိုယ်သွေး နှင့် သားသမီး

Personality ကောင်းတဲ့ သူဟာ အိမ်ထောင်ကျရင်လည်း အိမ်ထောင်ဖက်အပေါ် သဘောထားမှန်တယ်။ လွတ်လပ်ခွင့် ပေးတယ်။ လေးစားမှု ရှိတယ်။ စစ်မှန်ပြီး ရိုးသားပွင့်လင်းတဲ့ ဆက်ဆံရေး ရှိတယ်။ အိမ်ထောင်ဖက် နှစ်ယောက်လုံး Personality ကောင်းရင်တော့ အင်မတန် သာယာတဲ့ အိမ်ထောင်ရေးဖြစ်ပြီး တစ်ဦးကိုတစ်ဦး အပြန်အလှန် အကျိုးပြုမယ်။
သားသမီး ရလာတဲ့အခါမှာလည်း သားသမီးအပေါ် မှန်ကန်တဲ့ စိတ်နဲ့  ချစ်တတ်တယ်။ သားသမီးရဲ့  အရည်အချင်းတွေ အမြင့်မားဆုံးထွက်အောင် အထောက်အကူပေးနိုင်တယ်။
မိဘတွေရဲ့  Personality ဟာ သားသမီးတွေအပေါ် အကျိုးသက်ရောက်မှု အများကြီးရှိတယ်။
ဘယ်လို အရည်အသွေးရှိတဲ့ သားသမီးတွေ ဖြစ်လာမလဲ ဆိုတာ မိဘတွေရဲ့  Personality ပေါ်မှာ အများကြီးမူတည်တယ်။

မာန်မာန နှင့် ကိုယ်ရည်ကိုယ်သွေး

လူအများနဲ့  ဆက်ဆံရေးမှာ ကိုယ်ရည်ကိုယ်သွေးတွေ၊ အကျင့်စရိုက်တွေကို နိမ့်ကျသွားစေတဲ့ အကြောင်းတစ်ခုက ကိုယ့်ရဲ့  မာန်မာန ပါပဲ။
မာန်မာနဆိုတာ အင်မတန် ခက်ခဲနက်နဲသိမ်မွေ့ တဲ့ ကိလေသာ ဖြစ်တယ်။ ဒီလို Psychic inflation (စိတ်ဖောင်းပွမှု) ဖြစ်သွားရင် စိတ်ကြီးဝင်တယ်၊ ကိုယ်လုပ်သမျှ မှန်တယ်လို့ ထင်တယ်။ ကိုယ်ပြောသမျှ မှန်တယ်လို့  ထင်တယ်။ ကိုယ့်ကို ပြန်ပြီးတော့ လွဲမှားမှု ကို ပြောရင် လုံးဝလက်မခံချင်ဘူး။ သည်းမခံချင်ဘူး။ စိတ်ဆိုးတတ်တယ်။ ပြင်းထန်စွာ တုံ့ ပြန်တတ်တယ်။
ပစ္စည်း ဥစ္စာ၊ ရာထူး အမြင့်ဆုံး ကို ရောက်လာပြီဆိုရင် Psychic inflation လို့ ခေါ်တဲ့ စိတ်ကြီးဝင်တာ၊ ဘ၀င်မြင့်တာ၊ မာနကြီးတာ တွေဟာ ဖြစ်လာတယ်။ သူများနဲ့ ဆက်ဆံတဲ့ အခါမှာ မတူဘူး၊ မတန်ဘူး ဆိုတဲ့ သဘောနဲ့  အထက်စီးကနေ တင်စီးပြီးတော့ one up (တစ်ဆင့်မြှင့်) သဘောထားမျိုးနဲ့ ဆက်ဆံတယ်။ သူများကိုတော့ အောက်နှိမ့်ချပြီး one down (တစ်ဆင့်နှိမ့်) နေရာမှာ ထားတယ်။

ကိုယ့်ဘ၀ဟာ ကိုယ့်စိတ်ရဲ့  ရောင်ပြန်ဟပ်မှု

If u don’t plant the mental and physical seeds of the results you want, weeds will grow automatically.
ကိုယ်ဖြစ်စေချင်တဲ့ စိတ်အခြေအနေ၊ ကိုယ်ဖြစ်စေချင်တဲ့ ခန္ဓာကိုယ်အခြေအနေမျိုး ဖြစ်လာဖို့ အတွက် သင့်တော်တဲ့ မျိုးစေ့ကို မစိုက်ပျိုးရင် ပေါင်းပင်တွေ အလိုလို ပေါက်လာလိမ့်မယ်။
“အစကောင်းမှ အနှောင်းသေချာ” တဲ့။
If we don’t consciously direct our own mind and state, our environment may produce undesirable haphazard state, the result can be disastrous.
ကိုယ့်စိတ်နဲ့  ကိုယ်ခန္ဓာကိုယ် အခြေအနေတွေကို သိပြီးတော့ ဦးတည်ချက် မပေးခဲ့ရင် မလိုလားအပ်တဲ့ အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတွေကို ကိုယ့်ပတ်ဝန်းကျင်က ဖန်တီးလိမ့်မယ်။ ရလာတဲ့အကျိုးကလည်း သိပ်ထိခိုက် နစ်နာသွားနိုင်တယ်။
Thus, it’s critical that on a daily basis we stand guard at the door of our mind.
အရေးကြီးတာက နေ့ စဉ်နေ့ စဉ် ကိုယ့်စိတ်ရဲ့  တံခါးဝမှာ အစောင့်ရှိဖို့ လိုတယ်။
ဆိုလိုတာက ကိုယ့်စိတ်ကို တံခါးဝနဲ့ တင်စားထားတာပါ။ သတိ ဆိုတဲ့ အရာကို အစောင့် အဖြစ်တင်စားပြီး အာရုံ အမျိုးမျိုး စိတ်ထဲ ၀င်လာပြီး ဘ၀ကို ဦးတည်ချက်ပျောက်အောင် လုပ်နိုင်တယ် ဆိုတာကို သတိ နဲ့  ထိန်းချုပ်စေချင်တဲ့ သဘောကိုဆိုလိုပါတယ်။
That we know how we are consistently representing things to ourselves, we must daily weed our guarden.
အရာရာတိုင်းနဲ့  ပတ်သတ်ပြီး ဘယ်လို အဓိပ္ပာယ် ကောက်နေသလဲဆိုတော့ ကိုယ့်ကိုယ်ကို သိရမယ်။ ပြီးရင် ကိုယ့် ဥယျာဉ်လေး ကို နေ့ စဉ် ပေါင်းနှုတ်ဖို့ လိုတယ်။

0 comments:

Original Design by : x-template.blogspot.com.

Modified by :...