ဖဝါးလက်နှလုံး၊ ပခုံးလက်နှစ်သစ်
လူဖြစ်အောင်မွေး၊ နို့တိုက်ကျွေးသည့်
ကျေးဇူးစုံလင်၊ မြတ်မိခင်။
လူလားမြောက်လာ၊ ချိန်ရွယ်ခါလည်း
လိမ္မာယဉ်ကျေး၊ ပညာပေး၍
စားရေးနေမှု၊ အစုစုကို
တခုမကျန်၊ ပြည့်စုံရန်တွက်
စီမံစီရင်၊ မြတ်မိခင်။
သမီးနှင့်သား၊ အိမ်ထောင်ပွားလည်း
တရားမဖက်၊ မြေးအသက်မို့
ပုခက်ကိုလွှဲ၊ တေးဆိုရဲသည်
ရင်ထဲပြုံးရွှင်၊ မြတ်မိခင်။
မြတ်သောမိခင်၊ စိမ့်စမ်းသွင်သို့
စဉ်ဆက်စီးလာ၊ ချစ်မေတ္တာကား
ပမာနှိုင်းယှဉ်၊ တုမမြင်မို့
ဦးတင်ဝပ်ချ၊ အောက်မေ့တလျှက်
များစွဂုဏ်ဝါ၊ စီခြယ်ကာဖြင့်
ကဗျာပန်းကုံး၊ သီဖွဲ့မှုန်းလည်း
လုံးလုံးမမီပါတကား။ ။
မြန်မာပြက္ခဒိန်
Error loading feed.
Download Zawgyi Font
ကျွန်တော်၏စာစုများ
Lables
- ကျွန်ုပ်၏ မှတ်စုများ (4)
- ကဗျာများ (5)
- ဗဟုသုတများ (18)
- ဘာသာရေး (10)
- အထွေထွေကဏ္ဍ (2)
- ဆောင်းပါးများ (5)
Wednesday, March 5, 2008
မြတ်မိခင်
Subscribe to:
Post Comments (Atom)
စံတော်ချိန်
ပြောချင်တာများရှိခဲ့ရင်
ယောက်ကြည့်ရှုနေပါသည်
0 comments:
Post a Comment